Open History Projecr – Magway
လူထုအမှတ်သညာပွဲတော် မကွေးမြို့
Magway City – မကွေးမြို့
မကွေးမြို့တော်သည် မြန်မာပြည်အလည်ပိုင်းတွင် ရှေးအစဥ်အဆက် ကတည်းက တည်ရှိသော မြို့တော်ဖြစ်သည်။ ဆီထွက်သီးနှံပေါများ၍ မြန်မာပြည်၏ ဆီအိုးကြီးဟုထင်ရှားသည်။ အချက်အခြာကျ၍ မြန်မာနိုင်ငံ အလယ်ပိုင်း၏ တက္ကသိုလ်မြို့တော် ဖြစ်လာသည်။ မကွေးမြို့တော်၏ ပြောင်းလဲလာသော ပုံရိပ်များကို ထင်ဟပ်စေသည့် လူထုအမှတ်သညာပွဲတော်ကို ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။
Open History Projecr – Magway – လူထုအမှတ်သညာပွဲတော် မကွေးမြို့
လူထုအမှတ်သညာပွဲတော် – မကွေးမြို့ ကို ၂၀၁၈ ခုနှစ်တွင် သနပ်ခါးပွဲတော် (Thanakha Festival ) နှင့် လူထုအမှတ်သညာပွဲတော် (Open History Project) ဟူ၍ ပွဲတော် (၂) ခုဖြင့် ကျင်းပခဲ့ပါသည်။
ပထမပွဲတော်အနေနဲ့ – သနပ်ခါးပွဲတော် (Thanakha Festival ) ကို မကွေးမြို့၊ ကမ်သာယာရပ်ကွက်၊ အ.ထ.က (၁)လမ်းရှိ မကွေးမြို့တော်ခန်းမတွင် ၂၈.၉.၂၀၁၈ ခုနှင်တွင် သနပ်ခါးမယ် အသီးသီးဖြင့် လာရောက် ပါဝင်ရှင်ပြိုင်ကာ ကျင်းပခဲ့ပါသည်။
သနပ်ခါးပွဲတော် (Thanakha Festival )


ဒုတိယပွဲတော်အနေနဲ့ – လူထုအမှတ်သညာပွဲတော် (Open History Project) ကို
–People – လူပုဂ္ဂိုလ်များ
(လူကို အဓိကထား၍ ရိုက်ကူးထားသောပုံ)
–Cityscapes – မြို့ပြ၀န်းကျင်များ
(ရှုမြင်ကွင်းကို အဓိကထား၍ ရိုက်ကူးထားသောပုံ)
–Documents – မှတ်တမ်းမှတ်ရာများ
(ပို့စ်ကတ်ပုံ) ကို ဟူ၍
ခေါင်းစဥ် (၃) မျိုးခွဲကာ ၁၈.၁၀.၂၀၁၈ ရက်နေ့မှ ၂၁.၁၀.၂၀၁၈ ရက်နေ့အထိ (၄)ရက် တိုင်တိုင် မကွေးမြို့၊ လမ်း(၅)သွယ်အဝိုင်းအနီး၊ မိုလုံလေလုံအားကစခန်းမ တွင်ကျင်းပခဲ့ပါသည်။
လူထုအမှတ်သညာပွဲတော် (Open History Project)


သမိုင်းကို ထင်ဟပ်စေသောလူမှုမှတ်တမ်း ဓာတ်ပုံများ
Open History Project – Magway လူထုအမှတ်အညာပွဲတော် – မကွေးမြို့